Who was the greatest military strategist in World War II ?

Saturday, July 23, 2011

တပ်မတော်သို့ နှုတ်ဆက်ခြင်း (from Popular news journal)

တပ်မတော်သို့ နှုတ်ဆက်ခြင်း


(ဗိုလ်ချုပ်)အောင်ဆန်းသည် အသစ်ပြန်လည်ဖွဲ့စည်းလိုက်သော မြန်မာ့တပ်မတော်တွင် ရာထူး လက်ခံရန် ကမ်းလှမ်းချက်ကို အောက်ပါပြန်စာဖြင့် ငြင်းပယ်လိုက် ပါသည်။ ယင်းပြန်စာမူရင်းကို လော့ဒ်လူးဝစ္စ်မောင့်ဘက်တန်က ကာကွယ်ရေးဌာန၊ သမိုင်းသုတေ သနရုံးသို့ ပေးအပ်ခဲ့ပါသည်။

ဌာနချုပ်၊မျိုးချစ်မြန်မာ့တပ်မတော် ရန်ကုန်၊ မြန်မာပြည်                    ရက်စွဲ၊စက်တင်ဘာလ(၂၅)ရက်၊ ၁၉၄၅

ချစ်ခင်လေးစားရသော လော့ဒ်လူးဝစ္စ်ခင်ဗျား။

မြန်မာ့တပ်မတော်တွင် ဒုတိယစစ်ဆေးရေးမှူးချုပ်အဖြစ် ပြန်လည်ခန့်အပ်ရန် (၇)ရက်နေ့ညနေက လူကြီးမင်းက ကန္ဒီတွင် ကျွန်တော့်ကို ပေးအပ်လိုက်သော စာ ကို ပြန်ကြားလိုက်ပါသည်။ မြန်မာ့တပ်မတော်သစ်နှင့် မျိုး ချစ်မြန်မာ့ တပ်မတော်တို့ ပေါင်းစည်း ရေးတွင် များမြောင်လှသော ပြဿ နာများကို အဆင်ပြေချောမွေ့ သွားစေရန် လူကြီးမင်းက အကူ အညီအများအပြားပေးခဲ့သည်ကို  ကျွန်တော်၏ လုပ်ဖော်ကိုင်ဖက် များနှင့် ကျွန်တော်ကိုယ်တိုင် က ကျေးဇူးတင်ရှိ ပါကြောင်း ရှေးဦးစွာ ထပ်လောင်းအတည်ပြု ပြောကြား လိုပါသည်။ မြန်မာ့တပ်မတော်သစ်၌ ကျွန်တော့်အားပြန် လည်ခန့် အပ်ရန်  လူကြီးမင်း၏ ကမ်းလှမ်းချက်ကို ဖဆပလ အဖွဲ့ချုပ်ရှိ လုပ်ဖော်ကိုင် ဖက်များနှင့် မျိုးချစ်မြန်မာ့တပ်မတော် တို့၏ ရှေ့မှောက်တွင် ချပြပြီး ဖြစ်ပါသည်။ ဆုံးဖြတ်ချက်တစ်ရပ် မချမှတ်မီလုပ်ဆောင်ဖွယ်ရာ ကိစ္စ ရပ်များပြီးစီးမှ ဤကိစ္စ ကို တင်ပြ ရန်လိုအပ်သော်လည်း စစ်မှုထမ်း ဘဝကို ကျွန်တော်စွန့်လွှတ်လိုက်ပြီ ဖြစ်ကြောင်း ကျွန်တော်ယခုပြော ကြား လိုပါသည်။ ကျွန်တော်သည် တပ်မတော်တွင် ဆက်လက်တာဝန် ထမ်းဆောင်နိုင်စွမ်း မရှိသည်ကို ကျွန်တော်များစွာ ဝမ်းနည်းမိပါသည်။ သို့ရာတွင် ယင်းကိစ္စမှာ အများစု၏ ဆုံးဖြတ်ချက်ဖြစ် ပါသည်။ ထို့ကြောင့် ယင်းဆုံးဖြတ်ချက်ကို ကျွန်တော် လိုက်နာကျင့်သုံးရပါမည်။ ကျွန်တော်ကိုယ်တိုင်အနေ နှင့်မူ စစ်မှုထမ်းခြင်းကို ထာဝရ ဘဝပေးတာဝန်တစ်ရပ် အဖြစ် အခြားအရာများထက် ပိုမိုလိုလား နှစ်သက်ပါသည်။ ကျွန်တော်တို့ကို နည်းအမျိုးမျိုး အကူအညီပေးခဲ့ သောလူကြီးမင်းကို မလွှဲမရှောင် သာအနေနှင့်တောင်မှ အမှုထမ်း ပေးသင့်ပါသည်။ ဗြိတိန်နှင့် မြန်မာ တို့၏ ရှေ့တွင်ဆက်ဆံရေးကံကြမ္မာ မည်သို့ရှိနေစေကာမူ လူကြီးမင်း သည် ကျွန်တော်၏ အသည်းနှလုံး တွင် ချစ်ကြည် ရင်းနှီးစွာ ထာဝရ ကိန်းအောင်းနေမည် ဖြစ်ပါသည်။ မည်သို့ဆိုစေကာမူ မျိုးချစ်မြန်မာ့ တပ်မတော်နှင့် မြန်မာ့တပ်မတော် သစ်တို့ တရားဝင်ပေါင်းစည်းရေး လုံးဝဥဿုံ ပြီးဆုံးသွားသည်အထိ ယခုရှိနေသော တပ်မတော်အာဏာ ပိုင်များကို ကျွန်တော် ကူညီသွား မည်ဖြစ်ပါသည်။ 

ဟိတ်ဟန်ကြီးလှ သောနိုင်ငံရေးလောကကို ရင်ဆိုင် ရန်အတွက်  တပ်မတော်မှ မထွက် ခွာမီ ကျွန်တော် လူကြီးမင်းကို နှုတ်ဆက်ခဲ့ပါသည်။ နိုင်ငံရေး ဆိုသည်မှာ ထင်ရသလောက်ဖြစ် မလာနိုင်မှန်း ကျွန်တော် မျှော်လင့် ထားပါသည်။ ကံကြမ္မာက မည်သို့ ပင်ရှိစေကာမူ ယခုကျွန်တော်တို့နှင့် လူကြီးမင်းတို့အား ချည်နှောင်ထား သော ပျော်ရွှင်ဖွယ်ကောင်းသည့် ဆက်ဆံရေးကို ဆက် လက်တည် မြဲရန် မျှော်လင့်ထားပါသည်။ ထို့ အပြင် ယခုကလေးတွင်မှ ပြီးဆုံး သွားသော တောင်အရှေ့အာရှ စစ်ပွဲ ကြီးတွင် လူကြီးမင်းက ကျွန်တော် တို့ အတွက် ဆောင်ရွက်ပေးခဲ့မှုများ အပေါ် ကျွန်တော်တို့၏ ဖြူစင် လှသော နားလည်မှုနှင့်ကျေးဇူး တရားတို့အတွက်ဂျပန်ဆာမူရိုင်း ဓား ရှည်တစ်လက်ကို လက်ဆောင် အဖြစ် လက်ခံပေးပါရန် မေတ္တာရပ်ခံ လိုပါသည်။ 

ကျွန်တော်၏ လုပ်ဖော်ကိုင် ဖက်များနှင့် တိုင်ပင်ဆွေးနွေးပြီး သကာလ၊ လူကြီးမင်းနှင့် ဘုရင်ခံ တို့အား မြန်မာ တပ်မတော် ဒုတိယ စစ်ဆေးရေးမှူးချုပ်အဖြစ် ဗိုလ်မှူးကြီး လှဖေ(ဗိုလ်လက်ျာ)အား အမည်စာရင်းဝမ်းမြောက်ဝမ်းသာနှင့် တင်သွင်းလိုပါသည်။ သူ၏ လုပ်ဖော် ကိုင်ဖက် ဗိုလ်မှူးကြီး စောကြာဒိုးကိုလည်း စဉ်းစားပေးပါရန် လူကြီးမင်း သို့မဟုတ် ဘုရင်ခံအား မေတ္တာရပ်ခံလိုပါသည်။ ဗိုလ်မှူးကြီး စောကြာဒိုး သည် မြန်မာ အမျိုးသား တပ်မတော်တွင် ဝါအရင့်ဆုံးအရာရှိ ကြီးတစ်ဦးဖြစ်သည်ကို ကျွန်တော် သိရှိထားပါသည်။ ဗိုလ်မှူးကြီး စော ကြာဒိုးနှင့် ဗိုလ်မှူးကြီး လက်ျာတို့ မြန်မာ အမျိုးသားတပ်မတော်တွင် အတူသာလက်တွဲ လုပ်ဆောင်ရ ပါက သူတို့နှစ်ဦးတစ်ဦးကို တစ်ဦး ကောင်းစွာ နားလည်သဘော ပေါက်ကြပြီး သူတို့နှစ်ဦးကြား တွင်လည်းကောင်းမွန်သော ပူးတွဲ ဆောင်ရွက်မှုများ ရရှိမည်ဖြစ်ပါသည်။ လူကြီးမင်း သို့မဟုတ် ဘုရင်ခံ အနေနှင့် ကျွန်တော်နှင့် နောက်ထပ် တိုင်ပင်ဆွေးနွေးလိုပါက ကျွန်တော် သည်လည်း ဝမ်းမြောက် ဝမ်းသာ ဆွေးနွေးလိုပါသည်။ သို့မဟုတ် ဤသို့ ဆွေးနွေးရန်အတွက် လူကြီးမင်းက မည်သူ့ကိုမဆို ဆန္ဒပြု ပါကလည်း ဝမ်းမြောက်ဝမ်းသာ ဆွေးနွေးလိုပါသည်။

လေးစားစွာဖြင့်
သင်၏ ဖြူစင်ရိုးသားသော
အောင်ဆန်း


ဗိုလ်ချုပ်ကြီးလော့ဒ်လူးဝစ္စ် မောင့် ဘက်တန်၊ မဟာမိတ်တပ်ပေါင်းစု တပ်မှူးကြီး၊တောင်အရှေ့အာရှ။




(ဒေါက်တာ) မောင်မောင်၏ Aung San of Burma(Myanmar) စာအုပ်၊ အခန်း(၂)၊ အမှတ် (၁၂) Farewell to the Armyကို ပြန်ဆိုပါ သည်။
ဝဏ္ဏအောင်

posted by Popular news on  21st July, 2011

ကိုAya Htoon ၏ facebook မှကူးယူ ဖေါ်ပြပါသည်။

Tuesday, July 19, 2011

၁၉ ဇူလိုင်




ဇူလိုင်ဆယ့်ကိုး၊ တပ်လှန့်နှိုးသည်၊
ဒို့မျိုးစဉ်ဆက်တိုင်သတည်း။

ဆယ့်ကိုးဇူလိုင်၊ မမေ့နိုင်တည့်။

မိုးရက်မိုးခါ၊ ဖြစ်လေပါလည်း၊
ရှုသာမြင်ကွင်း၊ နံနက်ခင်းနှင့်၊
ယင်းသည့်စနေ၊ ဂြိုလ်ဆိုးမွှေခဲ့။

တွင်းဝန်ရုံးဆီ၊ ဆယ်နာရီနှင့်၊
စွန်းသည်ဟိုဘက်၊ နာရီဝက်တွင်၊
ပြည်တွက်ရေးရာ၊ များဝန်တာကို၊
ဖြာဖြာတနည်း၊ ခေါင်းဆောင်ကြီးတို့၊
စုစည်းတထွေ၊ ဆွေးနွေးနေစဉ်....။

ဂျစ်ကားစိမ်းမှ၊ ဆင်းသက်ကြပြီး၊
လက်မှတော်မီ၊ စတင်းချီလျက်၊
တပ်မည်နံပါတ်၊ 'ဆယ့်နှစ်'မှတ်သည့်၊
စစ်တပ်ဝတ်စုံ၊ အရေခြုံတို့၊
စုပြုံတက်သွား၊ မိနစ်ခြားဝယ်....။

နားကွဲမတတ်၊ ဒလစပ်လျှင်၊
ပစ်ခတ်ဆူညံ၊ သေနတ်သံတို့၊
မိုးယံကိုဖေါက်၊ လေဝယ်နှောက်သည်....၊
ထက်အောက်ဝန်းကျင် တုန်သတည်း။

ကျည်ပွင့်သံလည်း....၊
မိုးယံကိုဖွင့်၊ လေဝယ်လွင့်သည်၊
ယမ်းပွင့်ယမ်းခိုး ဝေသတည်း။

ဗိုလ်ချုပ်အောင်ဆန်း၊ ပြည့်ချစ်ပန်းနှင့်၊
ခေါင်နန်းစာဆို၊ ဦးဘချိုပြင်၊
ကြည်ညိုဆပွါး၊ ဒို့အားထားသည့်၊
စော်ဘွားမိုင်းပွန်၊ လူရည်ချွန်လှ၊
သခင်မြနှင့်....၊
တကွတူပြိုင်၊ မန်းဘခိုင်....၊
ကြိုင်လှိုင်သတင်း၊ ဦးဘဝင်း....၊
ပျံ့သင်းဂုဏ်ဒြပ်၊ ဦးရာဇတ်တို့၊
ပစ်ခတ်ခံရ၊ ဆောင်ခန်းမဝယ်၊
လဲကျသက်ဆုံး၊ သွေးနီဖုံးသည်....၊
ဆုံးရှုံးခဲ့ရ လေပြီတကား။

ဤသတင်းလျှင်၊
ချက်ချင်းပျံ့သွား၊ ပြည်သူ့နားသို့၊
သိကြားမကြာ၊ ပြည်လုံးမှာလည်း၊
သည်းညှာပျက်ပြုန်း၊ ကြိမ်မီးအုံးသို့၊
ယူကျုံးမရ၊ မျက်ရည်ကျခဲ့....၊
တသနှမြော၊ အသေစောဟု၊
သောကလှိုက်ဖို၊ ရှိုက်ငင်ငိုမိ၊
ရက်ကိုလစား၊ ချိန်တွေများသည်၊
ခုကား ဆယ့်ရှစ်နှစ် တိုင်ခဲ့ပြီ။

ပြည့်လွတ်လပ်ရေး၊ အသက်ပေး၍၊
စတေးခံသွား၊ ခေါင်းဆောင်များတွက်၊
ဒို့ကားတဖန်၊ ဆောင်ရွက်ရန်ကား၊
မိမြန်အတွက်၊ စွမ်းသည့်ဘက်မှ၊
ဆထက်ကြိုးကုတ်၊ အားမာန်ထုတ်၍၊
ဗိုလ်ချုပ်ချမှတ်၊ လမ်းစဉ်မြတ်ကို၊
ကျင့်အပ်လိုက်နာ၊ သွားရန်သာတည်း။

ဆယ့်ကိုးဇူလိုင်၊ မမေ့နိုင်တည့်။

ဇူလိုင်ဆယ့်ကိုး၊ တပ်လှန့်နှိုးသည်....၊
ဒို့မျိုးစဉ်ဆက် တိုင်သတည်း။


ထွဏ်းနေနွယ်
(၁၉၆၄ ခု၊ အာဇာနည်နေ့ အထိမ်းအမှတ်ထုတ်ဝေသည့် ဗိုလ်ချုပ်အောင်ဆန်း ကဗျာများ စာအုပ်မှ)


*မူရင်း သတ်ပုံ အတိုင်း ဖြစ်ပါသည်။